Monday, July 27, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ည (၈)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ဂျွန်းတောင်ကျေးရွာနေ သန်းဝင်း (ခ)ဂျစ်တူး (၃၀)နှစ်သည် နေအိမ်အပေါ်ထပ်၌ ရှိနေ စဉ် နေအိမ်အောက်ထပ်သို့ အပေါ်အင်္ကျီမပါသော လူတစ်ဦးဝင်သွားသည်ကို တွေ့ရှိရသဖြင့် အောက်သို့ ဆင်း၍ ဓါတ်မီးဖြင့်ထိုးကြည့်ရာ တစ်ရွာတည်းနေ သန်းဇော် (၃၈)နှစ် ဖြစ်ကြောင်း တွေ့ရှိရပြီး ၎င်းမှာနေအိမ် ခေါင်းရင်းဘက် အမှောင်ထဲသို့ ထွက်ပြေးသွားသဖြင့် ညဥ့်အချိန်ပုန်းလျှိုး အိပ်ကျော်နင်းသူ သန်းဇော်အား အရေးယူပေးပါရန် ၂၆.၇.၂၀၁၅ ရက်နေ့တွင် သန်းဝင်း(ခ) ဂျစ်တူးမှ တရားလိုပြုလုပ် တိုင်တန်း၍ ကံမမြို့နယ်၊ မြို့မရဲစခန်း(ပ) ၆၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၆ အရ အမှုရေး ဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video