၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နေ့လည် (၁၂) နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ အမှတ်(၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ အောင်စေတနာရပ်ကွက်နေ သူရပြည့်စုံကျော် ရောက်လာပြီး ၎င်း၏ဖခင်ဖြစ်သူ ဦးတိုင်းကျော် (၄၃)နှစ်သည် နံနက် (၇)နာရီခွဲ အချိန်ခန့် တွင် မကွေးမြို့၊ မြို့ပတ်လမ်းအတိုင်း မြို့ပတ်လမ်းနှင့် တောင်တွင်းကြီး လမ်းဆုံ ကြားပန်း အ၀ိုင်းပတ်မှ အထက(၃)ဘက်သို့ ၃၆ယ/xxxxx ဒါရန်း ၁၂၅ ဖြူနက်ကြားရောင်ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင် လာစဉ် အောင်ဇေယျာရပ်ကွက် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်၍ မကွေးဆေးရုံကြီးသို့ တင်ပို့ထားရှိခဲ့ရာ နံနက် (၁၀)နာရီခွဲ အချိန် သေဆုံးသွား ကြောင်း သတင်းပေးပို့လာသဖြင့် သွားရောက် စစ်ဆေးရာ ဦးတိုင်းကျော်တွင် ၀ဲချိုစောင်း ဖူးရောင် ပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ဦးတိုင်းကျော်အား မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်း ယာဉ်(ပ) ၃၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါ သည်။
Monday, July 27, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment