ချောက် ဇူလိုင် ၂၅ ရက်
မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ် ၊၀န်လိုကျေးရွာ ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ကျောင်းဆောင်သစ် (၃)ဆောင်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန် ကျင်းပရာ အခမ်းအနားကို တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်း နှင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်အားပေးခဲ့သည်။
ရှေးဦးစွာ အဆိုပါကျောင်းဆောင်သစ်ပေးအပ်ပွဲဆိုင်းဘုတ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် မှ စက်ခလုပ် ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်း တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်း တို့မှ အမှာစကားပြောကြားပြီးနောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး မှကျေးဇူးတင်စကားပြောကြားခြင်း ၊ အဆိုပါကျောင်းအုပ်ဆရာကြီး ဦးနှင်းမြင့်ဦး ကျောင်းဆောက်လုပ်ရခြင်းများအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါကျောင်းအတွက်လိုအပ်နေသော ပစ္စည်းများ ၊ ပရိဘောဂများလှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြုလွှာများ ၊အထိမ်းအမှတ်အလံများကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ရာ အလှူရှင်များ နှင့် တာဝန်ရှိသူများ အသီးသီးတို့ကလက်ခံရယူခဲ့ကြသည်။ ယင်းကျောင်းဆောင်ကို အလျား ၁၂၀ ပေ× အနံ ၃၀ ပေ × အမြင့် ၁၅ ပေ ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ၊ နိုင်ငံတော်ခွင့်ပြုငွေကျပ် (၄၃၂)သိန်းအကုန်ကျခံ ဆောက်လုပ်ခဲ့ပြီး သွပ်မိုး ၊ အုတ်ကာ ၊ တမံသလင်းခင်း (RC) အမျိုးအစား တစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး ဆရာ /ဆရာမ (၁၂)ဦးရှိပြီ့း ကျောင်းသား/သူ (၁၉၂)ဦးပညာသင်ယူလျှက်ရှိကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment