Monday, July 27, 2015


ဆိပ်ဖြူ ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့ နယ် စည်ပင်သာယာရေးအဖွဲ မှကြီးမှူး၍ မိုးရာသီ လမ်းဘေး ၀ဲယာ အရိပ်ရ သစ်ပင်နှင့်ပန်းအလှပင်စိုက်ပျိုးပွဲတော်ကိုဇူလိုင်လ၂၅ရက်နေ့ နံနက်(၇)နာရီအချိန်တွင်ဆိပ်ဖြူ-ဆာ-ကန်ပက်လက်ကားလမ်း မြို့ ဝင်လမ်းဆုံတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနာသို့ တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုး၊မြို့ နယ်အုပ်ချုပ်ရေးမှူးဦးဥာဏ်မျိုး
၊မြိုနယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးကျော်မြင့်မြို့နယ်အမှုဆောင်အရာရှိဦးရှိန်မြင့်မောင် နှင့်ဌာန
ဆိုင်ရာအကြီးကဲများ၊၀န်ထမ်းများလူမှုရေးအသင်းအဖွဲများ၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင် တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် နည်ပြ ဆရာမများ၊ သင်တန်း သူများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးမျာနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ သည်။
အခမ်နားတွင်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့ နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ၊မြိုနယ်အမှုဆောင်အရာရှိတို့ က ပန်းအလှပင်များကို စတင်စိုက်ပျိုးခဲ့ပြီး မြို့ နယ်အုပ်ချုပ် ရေးမှူးနှင့် အဖွဲသည် အရိပ်ရသစ်ပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးနေခြင်းများကို လိုက်လံကြည့်ရှု အားပေးခဲ့ သည်။
ဆိပ်ဖြူမြို့ နယ်စည်ပင်သာယာရေးအဖွဲ ၏၂၀၁၅ ခုနှစ်မိုးရာသီ လမ်းဘေးဝဲယာ အရိပ်ရသစ်ပင်နှင့်ပန်းအ လှပင်စိုက်ပျိုး ပွဲတွင် နွယ်သာ ကီ(၅၀)ပင်၊ စိန်တကျူ(၅၀)ပင်၊ စက္ကူပန်းအလှပင်ရောင်စုံ (၅၀)ပင် နှင့် လမ်းဘေး အရိပ်ရသစ်ပင်(၁၀၀)ပင် တို့ ကိုစိုက်ပျိုးခဲကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video