ကျောက်ထု ဇူလိုင် ၁၄
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနက ထွက်နှုန်းကောင်းသည့် ပုလဲသွယ် စပ်မျိုးစပါးကို တောင်သူများထံ ဖြန့်ဖြူးရောင်းချပေးလျှက်ရှိကြောင်းနှင့် ပုလဲသွယ်စပ်မျိုးစပါးသည်
ကျောက်ထုဒေသ စိုက်ပျိုး ထွက်ရှိမှု မှတ်တမ်းများအရ တစ်ဧကလျှင်တင်း ၁၅၀ ကျော်ထွက်
ရှိကြောင်းသိရသည်။
“တောင်သူလယ်သမားများထံ အထူးအထွက်တိုး ပုလဲသွယ်စပ်မျိုးစပါးကို တစ်ဧကအတွက် ၇ ကီလို နှုန်း အကြွေးစနစ်နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်၊ သီးနံပေါ်တဲ့အချိန်ကျမှ မျိုးစပါးဘိုး
ကောက်ခံသွားမှာပါ” ဟု ကျောက်ထုမြို့ စိုက်ပျိုးရေးဌာနမှူး ဦးခင်မောင်ကြည်က ပြောသည်။
ထို့ပြင် ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာများရှိ တောင်သူ များထံကွင်းဆင်း၍ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ၊ သီးနံအထွက်ကောင်းစေသည့်နည်းလမ်းများ
တို့ကို ဆွေးနွေးကြကြောင်း သိရသည်။
Tuesday, July 14, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment