Tuesday, July 14, 2015

ကျောက်ထု ဇူလိုင် ၁၄
    ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ကျောက်မကျေးရွာတွင် ရွာဦးကျောင်းဆရာတော် ဘဒ္ဒ န္တ ပညာသာရ က ဦးဆောင်၍ဆောက်လုပ်သည့် ငွေကျပ်သိန်း ၂၀၀ ကျော်တန် ကျောင်းဆောင်သစ်အား ကျောက်မရွာ အခြေ ခံပညာအလယ်တန်းကျောင်း(ခွဲ)အတွက် ပေးအပ်လှူဒါန်းပွဲနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲ ကို ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီက အဆိုပါ ကျောင်းဆောင်ရှေ့၌ပြုလုပ်သည်။
    အဆိုပါကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ခရိုင်ပညာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်မောင်၊ ဆောမြို့နယ် ဒုတိယပညာရေးမှူး ဦးဘီဝင်း၊ ကျောက်ထုမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေတိုး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျန်မောင် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြကာ ကျောင်းဆောင်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ကျောင်းဆောင်ဆောက်လုပ်ရေးကော်မတီ ဥက္ကဌ က ဒုတိယပညာရေးမှူးထံ ပေးအပ်သည်။
    ကျောက်မကျေးရွာတွင် ယခင်က မူလတန်း(လွန်)ကျောင်းအဆင့်သာ ဖွင့်လှစ်ခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ်တိုးမြှင့်ဖွင့်လှစ်ကာ အဆိုပါကျောင်းအတွက် ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် အဆိုပါကျေးရွာတွင် အလယ်တန်းကျောင်း(ခွဲ)ဖွင့်လှစ်သည့်အတွက် ကျောက်မ၊ ငလွမ်း၊ သရက်ချဉ်၊ အကြည်ပန်းပလွန်းကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင် ကြားရေးအတွက် လွယ်ကူသွားကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video