Friday, July 31, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ (၂) နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုကုန်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တောင်တွင်းကြီး မြို့နယ်၊ ထောက်ကြံ့ကွင်း ကျေးရွာအနီး၊ တောင်တွင်းကြီး-ပျဉ်းမနားရထား လမ်းပိုင်း မိုင်တိုင်အမှတ် ၂၃၅ အနီးတွင် ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ တောင်တွင်းကြီး- ပျဉ်းမနား ရထားလမ်းဘေး မြေသားလမ်းအတိုင်း မျဉ်းချောင်း ကျေးရွာမှ တောင်တွင်းကြီးဘက် သို့ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁)ရပ်ကွက်နေ သက်ဆွေဝင်း (၂၇)နှစ် မောင်းနှင်လာသော ၄၂ယ/xxxxx ဟွန်ဒါ ၁၁၀ အနက်ရောင် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်သား တံတားဘောင်အား ၀င်ရောက် တိုက်မိပြီး သက်ဆွေဝင်းတွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ သက်ဆွေဝင်း အား တောင်တွင်းကြီးမြို့နယ်၊ ကုကိ္ကုကုန်း နယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video