Saturday, August 1, 2015
12:28 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် ဇူလိုင်လ (၂၉)ရက်မှ(၃၁)ရက်ထိ မိုးများအဆက် မပြတ်သည်းထန်စွာ ရွာသွန်းပြီး မုန်းချောင်း ရေကြီးရေလျှံမှုအခြေအနေကြောင့် မြို့ပေါ်ရပ်ကွက်အားလုံးတွင်
ရေများ မြှင့်တက်လာသဖြင့် ဒေသခံပြည်သူလူထုများ ဘေးကင်းရာသို့ ပြောင်းရွှေ့လျက်ရှိကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေနှင့်တာဝန်ရှိသူများမှ သက်ကြီးရွယ်အိုများနှင့် ပြည်သူများ ကိုစက်တပ်ရေယာဉ်နှင့် လှေများဖြင့် ဦးစားပေး ကယ်ဆယ်နေကြောင်း သိရှိရသည်။ ထိုသို့ကယ်ဆယ်ရာတွင် မကွေး တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အတူ တပ်မတော်သားများ၊ မီးသတ် စခန်းမှ ရဲဘော်များ၊ ဌာနဆိုင်ရာများ၊ NGOနှင့်လူမှု ရေးအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း သိရှိရသည်။ ရေဘေးသင့် ဒေသခံပြည်သူများကို စံပြ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံနှင့် စက်မှုလယ်ယာ စခန်းများတွင်နေရာချထားပေးကြောင်း သိရှိရသည်။
အလားတူ မင်းဘူး (စကု)မြို့ အ၀င်နှင့် ပွင့်ဖြူမြို့သို့ ဆက်သွယ်ထားသည့် စကုမန်းချောင်းတံတား ကတ္တရာ လမ်းပေါ်တွင်ရေ(၂)ပေခန့် တက်ရောက်နေ သဖြင့် ခရီးသွားပြည်သူများ သွားလာရခက်ခဲကြောင်း သိရှိရသည်။
စေတုတ္တရာမြို့တွင်လည်း မုန်းချောင်းရေနှင့်ဆီမီချောင်းရေလျှံမှုတို့ကြောင့် မြို့ပေါ်အမှတ်(၁) ရပ်ကွက်နှင့်အ မှတ်(၂)ရပ်ကွက်များတွင် အိမ်ခြေပေါင်း(၁၁၉၀)ရှိရာ ၂၀၁၅ခုနှစ်၊ဇူလိုင်လ(၂၉)ရက်မှ(၃၁)ရက်နေ့အထိ မိုးများအ ဆက်အပြတ်သည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် မြို့နယ်ပြည် သူ့ဆေးရုံ ကို အခြေခံပညာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ် ခဲ့ရပြီး အမှတ်(၁)ရပ်ကွက်တွင် အိမ်ခြေ(၄၆၀)၊ အမှတ်(၂)ရပ်ကွက်တွင် အိမ်ခြေ(၂၀၀)တို့သည် ဘေးလွှတ်ရာကယ်ဆယ်ရေး စခန်းများရှိရာသို့
ပြောင်းရွှေ့ခဲ့ကြကြောင်းနှင့် ကယ်ဆယ်ရေးစခန်း(၃)ခု ဖွင့်လှစ် ထားရှိကြောင်း သိရှိရသည်။
ယနေ့(၁၃း၃၀)အချိန်တွင် မုန်းတမံ၏လက်ရှိရေ Level အမှတ်မှာ(၅၅၅.၇)ပေထိ
မြင့်တက်လျက်ရှိ ကြောင်း နှင့်မုန်းတမံ၏အမြင့်မှာ (၅၆၀)ပေရှိကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment