မင်းဘူး ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် ဇူလိုင်လ(၂၉)ရက်နှင့်(၃၀)ရက်တို့တွင် မိုးများ အဆက်အပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်အမှတ်(၁)ရပ်ကွက် အိမ်ခြေအားလုံး၊ အမှတ်(၂)ရပ်ကွက် လယ်ပြင်စုတို့၌ ဇူလိုင်လ(၃၁)ရက် နံနက်(၈း၃၀)အချိန်တွင် ရေမြုပ်နေပြီဖြစ်ကြောင်း သိရှိရပြီးအမှတ်(၂)ရပ်ကွက် ပိတောက်မြိုင်၊ တောင်ခေတ္တရာ၊ ရွာသစ်တို့တွင်ရေ၀င်ရောက်မှုမရှိသေးကြောင်း သိရှိရသည်။
အဆိုပါ ရေမြုပ်နေသည့်အိမ်ထောင်စုများကို ကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့နယ်မီးသတ်စခန်းတို့တွင် နေရာချထားပေးကြောင်း သိရှိရပါသည်။ထို့အပြင်ဆက်သွယ် ရေးနှင့်လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများဖြစ်ပေါ်နေပါသည်။မုန်းတမံ၏ရေ၀င်ရောက်မှု လက်ရှိအခြေအနေမှာ (၅၅၀.၂)ပေကျော်ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

0 comments:
Post a Comment