Tuesday, July 7, 2015




မြိုင်     ဇူလိုင်     ၆
    ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ ပညာရေး ဆောင်ပုဒ်နှင့်အညီ မြန်မာ့ပညာရေးမျှော်မှန်းချက် မျက်မှောက်ကာလဖြစ်သော
ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေး နိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ နိုင်ငံတော်မှဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် အောင်သုခ(စံပြ)ကျေးရွာ အခြေခံပညာအ ထက်တန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားကို ဇူလိုင် ၅ ရက်နံနက်၉ နာရီခွဲက အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးသိန်းထွန်း၊မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သတ္ထုနှင့်သစ်တောဝန်ကြီး ဦးသိန်းထွန်း၊တိုင်းဒေသကြီးပညာရေးမှူးဦးမြင့်သိန်းနှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကြည်ထွန်း
တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့သည်။
    ဆက်လက်၍ မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ အောင်သုခ (စံပြ) ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ကျောင်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ မြိုင်မြို့နယ် အောင်သုခ ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းသား ကျောင်းသူများမှ မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီးမှ အခြေခံပညာအထက်တန်းကျောင်း ဖြစ်ပေါ်လာပုံနှင့် ကျောင်းအတွင်းဆောင်ရွက်သည့် ကိစ္စရပ်များ ၊ပညာရေးဌာနမှပံ့ပိုးမှု၊ ကျေးရွာ ရပ်မိရပ်ဖများမှ ပညာရေးတိုးတက်မှုအတွက် ပံ့ပိုးနေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောင်းဖွင့်ပွဲနှင့် ပတ်သက်၍ ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းမှာကြားခဲ့သည်။ထို့နောက် ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းကော်မတီ ၀င်များမှ ကျောင်းဖွင့်ပွဲ အထိမ်းအမှတ် အလံငယ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ပေးအပ်ခဲ့သည်။ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အောင်သုခကျေးရွာရှိ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့သူများမှ(၃)ဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်သူများအား ဆုချီးမြှင့်ခဲ့ပြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးကြည်ထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိ သူများမှ ဂုဏ်ထူးဖြင့်အောင်မြင်သူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြိုင်မြို့နယ် အောင်သုခကျေးရွာ ကျောင်းသားကျောင်းသူများမှ ဇာတိမာန် သီချင်းဖြင့် သီိဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းကာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တက်ရောက်လာသော ဧည့်သည်တော်များအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ကျေးရွာနေ ပြည်သူများမှလိုအပ်ချက်များ
တင်ပြမှုကို အမှန်လိုအပ်ချက်များအား တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video