ချောက် ဇူလိုင် ၆ ရက်
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် စလေမြို့ ပြည်တော်သာစာကြည့်တိုက် ၂ နှစ်ပြည့် အခမ်းအနားကို အဆိုပါ စာကြည့်တိုက်၌ ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။၎င်းနောက် စာကြည့်တိုက်ကော်မတီဥက္ကဌ ဦးဝင်း မှလည်းစာကြည့်တိုက်တွင်သံဃာတော် များပင့်ဖိတ်၍ အာရုဏ်ဆွမ်း ခေါက်ဆွဲဆွမ်း များဆပ်ကပ် လှူဒါန်းခဲ့ကြောင်း ယခုလို စာကြည့်တိုက်ကော်မတီဝင်များ ရပ်မိရပ်ဖများ စာဖတ်ပြည်သူများ အားတွေ့ဆုံရခြင်းမှာ စာအုပ်စာစောင် တိုးပွား၍ စာဖတ်ရှိန်ပိုမို မ်ြင့်မားလာစေလို ကြောင်း ဆရာတော်များနှင့် တက်ရောက် လာကြသူများမှလည်း သုတ/ရသ စာအုပ် ၅၀ ကျော်လှူဒါန်းသွားကြောင်း စလေမြို့ ဈေးသူ ဈေးသားများကလည်း စုပေါင်းပြီး အလှူငွေကျပ် ၁ သိန်းလှူဒါန်းသွားကြောင်း နှင့် တက်ရောက်လာကြသူများကို ထမင်း ဟင်းလျာများကျွေးမွေးဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
Tuesday, July 7, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment