Tuesday, July 7, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ နေ့လည် (၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ သိင်္ဂါရပ်ကွက်နေ အောင်ထွန်းဝင်း(၄၅)နှစ်၏နေအိမ်တွင် နှစ်လုံးထီ လောင်း ကစားပြု လုပ်နေကြောင်း  သတင်းအရ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ မကွေး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် ၃၈/၂ဝ၁၅ ဖြင့် ဝင်ရောက် ရှာဖွေခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မကွေးမြို့၊ သိင်္ဂါရပ်ကွက်နေ အောင်ထွန်းဝင်း(၄၅)နှစ်၏နေအိမ်တွင် အောင်ထွန်းဝင်းအား ၎င်း၏ နေအိမ် အိပ်ခန်းကုတင်ပေါ်တွင် နှစ်လုံးထီလောင်းကစားရာတွင်အသုံးပြုသောစာရွက်စာတမ်းများနှင့် လောင်းကြေးငွေ ၇,၈ဝဝိ/- တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် နှစ်လုံးထီလောင်းကစားပြုလုပ်သူ အောင်ထွန်းဝင်းအား မကွေးမြို့နယ်၊ မြို့မရဲစခန်း(ပ)၂၅၃/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video