၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ နေ့လည် (၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင် ၊ အောင်လံမြို့နယ်၊ ပျဉ်းပင်လှရွာအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ စကားတောင် ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သတင်း ရရှိပါသည်။
အောင်လံမြို့နယ်၊ ပျဉ်းပင်လှရွာအနီး ၊ အောင်လံ-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၂ဝ၄/၇ တွင် ကြို့ပင်ကောက်မြို့ဘက်မှ ကျောက်ပန်းတောင်းမြို့သို့ ဖွဲနုအိတ် (၃၅၅)အိတ် တင်ဆောင်၍ ပခုက္ကူမြို့၊အမှတ် (၆)ရပ်ကွက်နေ သန်းဌေးအောင်(၂၁)နှစ် မောင်းနှင်လာသော ၇က/xxx ၊ ဟီးနိုး စိမ်းနုရောင်(၆)ဘီးယာဉ် သည် ကားဘီးချော်ပြီး လမ်းအနောက်ဘက်ဘေးသို့ ထိုးကျတိမ်းမှောက်ကာ သန်းဌေးအောင်တွင် ဝဲဂျိုစောင်းပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ သန်းဌေးအောင် အား အောင်လံ မြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း ယာဉ်(ပ)၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အရ အမှုရေးဖွင့် ၊ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment