Tuesday, July 7, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ညနေ (၄း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့၊ ပခုက္ကူ-ရေစကြိုကားလမ်း၊ ပန်းတိုင်းခြုံကျေးရွာအနီး ဘေးမဲ့ဥယျာဉ်ရှေ့တွင် ယာဉ်တိုက်မှု ဖြစ်ပွား ကြာင်း သတင်းအရ ပခုက္ကူယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 ဖြစ်စဉ်အား စစ်ဆေးရာ ပခုက္ကူမြို့ဘက်မှ ရေစကြိုမြို့ဘက်သို့ ရေစကြိုမြို့နယ်၊ ပေါင်လောင်ကျေးရွာ နေ ဝင်းမင်းထွန်း(၃၂)နှစ်မောင်းနှင်ပြီး ခရီးသည် ကျား (၃)ဦး၊ မ(၁ဝ)ဦး၊ ပေါင်း(၁၃)ဦး လိုက်ပါ လာသော ၈ဌ/xxxx ၊ လီဖန်းထော်လာဂျီ အစိမ်းရောင်ယာဉ်အား ၎င်းလမ်းအတိုင်း ပခုက္ကူမြို့ဘက် မှ ရေစကြို မြို့ ဘက်သို့ ပခုက္ကူမြို့နယ်၊ ကမ္မကျေးရွာနေ ချစ်ကို(၂၇) နှစ်မောင်းနှင်သည့် 2G/xxx ၊ နစ်ဆန်းဒီဇယ် ထရပ်ကား ဖြူ/မီးခိုးကြားရောင်(၁၂)ဘီးယာဉ်သည် ထော်လာဂျီယာဉ်အားနောက်မှ ကျော်တက်စဉ် ၁၂ ဘီး ယာဉ်၏နောက်မြီးပိုင်းနှင့် ထော်လာဂျီတို့ချိတ်မိပြီးထော်လာဂျီတိမ်းမှောက်ကာ ထော်လာဂျီပေါ်ပါ ခရီးသည် များဖြစ်သည့် ရေစကြိုမြို့နယ်၊ ပေါင်လောင်ကျေးရွာနေ ဒေါ်စန်းနု (၄၈)နှစ်ပါ ကျား (၃)ဦး၊ မ(၁ဝ)ဦး ၊ ပေါင်း(၁၃)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ချစ်ကိုအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၁၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video