၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ည (၁၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ် ပြည်သူ့ဆေးရုံတွင် ပိုးသတ်ဆေး သောက်၍ သေဆုံးသူ အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သွားရောက် စုံစမ်းစစ်ဆေးခဲ့ရာ ပွင့်ဖြူမြို့နယ်၊ ဖလံတောကျေးရွာနေသူ မသန်းကုဋေစိုး (၂၂)နှစ်သည် မိဘများမှ လက်ကိုင် တယ်လီဖုန်း ၀ယ်မပေးသဖြင့် နေအိမ်တွင် တစ်ဦးတည်းရှိခိုက် မိမိကိုယ်ကိုမိမိ သေစေရန် ““ဟာရီကိန်း”” တံဆိပ်၊ ၅၀ကီလိုဂရမ်၊ အ၀ါဖျော့ရောင် ပလပ်စတစ်အိတ် အတွင်းရှိ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး အဆီများအား သောက်သုံးခဲ့သဖြင့် ပွင့်ဖြူမြို့နယ် ပြည်သူ့ဆေးရုံ အရောက်တွင် သေဆုံး သွားကြောင်း စစ်ဆေးသိရှိရသဖြင့် ၄င်းသေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Wednesday, July 8, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment