Wednesday, July 8, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ညနေ (၃း၁၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သရက်ခရိုင်၊ သရက်မြို့နယ်၊ သရက်-မင်းတုန်း ကားလမ်း မိုင်တိုင်အမှတ်(၇/၁)အနီး လမ်းဘေးရှိ သရက်မြို့နယ်၊ ပိတောက်ပင် ကျေးရွာ နေသူ ဖိုးစံ(ခ)စံနေလင်း (၂၉)နှစ်၏ ဆီခြံအား ၀င်ရောက်ရှာဖွေရာ ဂါလံ(၄၀)ခန့်စီပါ ရေရောလျှက် ရေနံစိမ်းပေပါ (၉)လုံး၊ ရေနံစိမ်း များ ပေကျံနေသော ပေပါခွံ(၄၃)လုံးနှင့် ရေနံစိမ်းများ သိုလှောင် ရောင်းချရာတွင် အသုံးပြုသော ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိသဖြင့် တရားမ၀င် ရေနံစိမ်းများ သိုလှောင်ရောင်းချသူ ဖိုးစံ(ခ)စံနေလင်းအား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၂၂/၂၀၁၅၊ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများဥပဒေပုဒ်မ ၉ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။ 
အလားတူ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ညနေ (၄) နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ သရက်မြို့နယ်၊ သရက်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သရက်မြို့နယ်၊ ငလှိုင်ခြုံအုပ်စု၊ ငခူအိုင်ရေနံလုပ်ကွက် အ၀င်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် နေသူ ဦးဘိုင်လေး (ခ)သန်းထွန်း (၅၀)နှစ်၏ ရေနံဆီခြံသို့ ၀င်ရောက်စစ်ဆေးရာ ရေနံစိမ်းဂါလံ(၄၀)ခန့် ပါ ပေပါ(၅)လုံး၊ ပေပါခွံ (၁၆)လုံး နှင့် ရေနံစိမ်းများ သိုလှောင် ရောင်းချရာတွင် အသုံးပြုသော ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိသဖြင့် ရေနံလုပ်ကွက်မရှိဘဲ တရားမ၀င် ရေနံစိမ်းအရောင်းအ၀ယ် ပြု လုပ်နေသူ ဘိုင်လေး(ခ)သန်းထွန်းအား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၂၃/၂၀၁၅၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေပုဒ်မ ၉ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း၊ 
အလားတူ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ည (၇)နာရီ အချိန်ခန့်တွင် သရက်မြို့နယ်၊ သရက်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သရက်မြို့နယ်၊ အင်းမငယ်အုပ်စု၊ စခန်းကြီးရေနံမှော် ရှိ သရက်မြို့နယ်၊ စခန်းကြီးရေနံမှော်တွင် နေထိုင်သူ ဒေါ်သီတာ (၃၉)နှစ်၏ ရေနံဆီခြံသို့ ၀င်ရောက် စစ်ဆေးရာ ပေပါ(၁၆)လုံးဆံ့ သံကန်အတွင်း ရေရောလျက် ရေနံစိမ်း ဂါလံ(၅၆၀)ပါ သံကန်(၂)ကန်၊ ပေပါ (၁၆)လုံးဆံ့ သံကန်အတွင်း ရေရောရာရေနံစိမ်း ဂါလံ(၃၂၀)ပါ သံကန်(၁)ကန်၊ ဆီပေပါခွံ (၁၀)လုံး နှင့် ရေနံစိမ်းများ သိုလှောင် ရောင်းချရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိသဖြင့် ရေနံလုပ်ကွက်မရှိဘဲ တရားမ၀င် ရေနံစိမ်းအရောင်း အ၀ယ် ပြုလုပ်နေသူ ဒေါ်သီတာအား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၂၄/၂၀၁၅၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေပုဒ်မ ၉ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video