Wednesday, July 8, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ နံနက် (၈)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လယ်ကိုင်း-ကျောင်းတော်ရာ သွား ကားလမ်းပေါ် မိုင်တိုင် အမှတ် (၁/၁ နှင့် ၁/၂)အကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ လယ်ကိုင်း-ကျောင်းတော်ရာသွား ကားလမ်း အတိုင်း ကျောင်းတော်ရာရွာဘက်မှ လယ်ကိုင်းရွာဘက်သို့ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာ ကျေးရွာနေသူ ယာဉ်မောင်း သန်းစိုးလှိုင် (၃၄)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ခရီးသည် ကျား(၁)ဦး၊ မ(၇) ဦးနှင့် နှမ်း အိတ်များ တင်ဆောင်လာသော ယာဉ်အမှတ် 3A-xxxx တိုယိုတာဒိုင်နာ အဖြူရောင် ခရီးသည်တင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် လယ်ရေကွက် အတွင်းသို့ ထိုးကျတိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ ခရီးသည် ကျောင်းတော်ရာကျေးရွာ နေသူ မစန်းစန်းမြင့် (၄၇)နှစ် အပါအ၀င် (၈)ဦးတွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ သန်းစိုးလှိုင် အား ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေ ရဲစခန်း ယာဉ်(ပ)၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉/၃၃၇/ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video