Wednesday, July 8, 2015
2:21 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး၊ ၂၀၁၅ ခုနှစ် ၊ ဇူလိုင်လ (၈) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ ကို (၈.၇.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၀)ဦးတက်ရောက်၍ (၈၈.၂၄) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၅)ခုကို လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီး(၃)ဦးက ပြန်လည်ဖြေကြားပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီး လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်မောင်ကျော်က လွှတ်တော်သို့ တင်ပြပြီး ယင်းဥပဒေနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ ကာ ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို (၁၀၅၀)အချိန်တွင် ရပ်နားကြောင်းနှင့် ဒုတိယနေ့အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက် (ကြာသပတေးနေ့) (၁၀၀၀) နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment