Tuesday, July 14, 2015

နတ်မောက်           ဇူလိုင်၁၃
နတ်မောက်မြို့ဇာနည်တံခွန်ပညာဒါနအလှူရှင်များအသင်းကကြီးမှူး၍၂၀၁၄.၂၀၁၅ပညာသင်နှစ်ထူးချွန်
စွာအောင်မြင်ခဲ့သောကျောင်းသားကျောင်းသူများအားဆုချီးမြှင့်ပွဲအခမ်းအနားကိုဇူလိုင်၁၂ရက်မွန်းလွဲ၁နာရီ
ကအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကွန်ပျူတာကျောင်းဆောင်တွင်ကျင်းပသည်။
အခမ်းအနားကိုနာယကဆရာတော်ကြီးများမှနမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဌေးအောင်မှဇာနည်တံခွန်ပညာဒါနအသင်းကြီးဆက်လက်ရေရှည်တည်တံ့ခိုင်မြဲသွားစေရန်နှင့်ဇာနည်
တံခွန်ပညာဒါနအလှူရှင်များအသင်းဥက္ကဌဒေါက်တာစိုးမင်းမှပညာဒါနအသင်းကြီးစတင်တည်ထောင်လာ
ရခြင်းအကြောင်းကိုရှင်းလင်းပြောကြားသည်။
ထို့နောက်၂၀၁၄.၂၀၁၅ပညာသင်နှစ်ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသားကျောင်းသူများအားဇာနည်
တံခွန်ပညာဒါနအလှူရှင်များကိုယ်စားမြို့နယ်အုပ်ချုပ်ရေးမှူးဦးဌေးအောင်မှငါးဘာသာဂုဏ်ထူးရှင်မောင်အောင်
လင်းသန့်အားဆုချီးမြှင့်ခဲ့ပြီးလေးဘာသာဂုဏ်ထူးရှင်(၅)ဦးသုံးဘာသာဂုဏ်ထူးရှင်(၁၈)ဦးအားမြို့နယ်
ပညာရေးမှူးနှင့်ဇာနည်တံခွန်ပညာဒါနအလှူရှင်အဖွဲ့ဝင်များကဂုဏ်ထူးရကျောင်းသားကျောင်းသူများကိုဆုများ
အသီးသီးချီးမြှင့်ပေးခဲ့သည်။ဆက်လက်၍ဇာနည်တံခွန်ပညာဒါနမှ၂၀၁၄.၂၀၁၅ပညာသင်နှစ်ပညာသင်ထောက်
ပံ့ကြေးရတိမွေးကုတက္ကသိုလ်(ရေဆင်း)ပထမနှစ်ပညာသင်ယူနေသောကျောင်းသားကျောင်းသူနှစ်ဦးအား
တစ်ဦးကို(၁၈၀၀၀၀)ကျပ်စီထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့ပြင်အမြို့မြို့အနယ်နယ်စေတနာရှင်ပြည်သူများမှလည်းဇာနည်တံခွန်ပညာဒါနအလှူရှင်အသင်းအားလှူဒါန်း
လိုသူများအနေဖြင့်နတ်မောက်မြို့ရှိဒေါက်တာစိုးမင်း(စေတနာဆေးခန်း)ဖုန်း(09440228470)ဒေါ်ဆယ်သိန်း
(အထပြငြိမ်း) ဖုန်း((09259164933) သို့ဆက် သွယ်လှူဒါန်းနိုင်ပါကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video