၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ ည(၉)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ ရေနံချောင်းမြို့နယ်၊ ရေနံချောင်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အမျိုးသမီးတစ်ဦး အဆိပ် သောက် သေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံး သူမှာ ရေနံချောင်းမြို့နယ်၊ ရွာသာအေးကျေးရွာနေ ဒေါ်သိန်းညွန့် (၅၆)နှစ် ဖြစ်ပြီး ၁၂.၇.၂၀၁၅ ရက်နေ့ ည (၁၁)နာရီ အချိန်ခန့်တွင် ၄င်း၏ခင်ပွန်းဖြစ်သူ ဦးဘိုစိန်(ခ) သောင်းနိုင်ဦးနှင့် စကားများ ရန်ဖြစ်ပြီး ဒေါ်သိန်းညွန့်မှ နေအိမ်ပေါ်တက်ကာ ပင့်ကူနီတံဆိပ်ပါ ၁၀၀ မီလီမီတာ ပိုးသတ်ဆေးရည် အား သောက်ပြီး အော့အန်နေသဖြင့် ပတ်ဝန်းကျင်နေအိမ်များမှ ၀ိုင်းဝန်း ပြုစု၍ စားဆီများ တိုက်ကျွေးရာ သက်သာလာသော်လည်း ၁၃.၇.၂၀၁၅ ရက်နေ့ ညနေ (၃)နာရီ အချိန်ခန့် တွင် နေအိမ်၌ သေဆုံးသွား ခဲ့ကြောင်း သိရှိရသဖြင့် အလောင်းအား ရဲဆေးစာဖြင့် ရေနံချောင်း မြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့အပ်ထား ရှိပြီး ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် သိရှိနိုင်ရန် ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၅) ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
Tuesday, July 14, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment