Friday, July 3, 2015
4:18 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ထီးလင်း ဇူလိုင် ၂
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ပြည်သူများဆက်သွယ်သွားလာမှုလွယ်ကူရန်နှင့် ကုန်စည် စီးဆင်းမှု မြန်ဆန်စေရန်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် လွှတ်တော်ရန်ပုံငွေဖြင့်
မြေသားလမ်းများကို ဖောက်လုပ် ပေးလျှက်ရှိသည်။
ထိုသို့ဖောက်လုပ်ရာတွင် ထီးလင်းမြို့နယ် အထက်ကျော်ရွာနှင့် အောက်ကျော်ရွာတို့ကိုဆက်သွယ်သည့် လမ်းအကျယ် ၁၈ ပေ၊ အရှည် ၁ မိုင်ခွဲရှိမြေသားလမ်းဖောက်လုပ်ခြင်းနှင့် ချောင်းသဲဖြန့်ခင်းခြင်းတို့ အတွက် ခွင့်ပြုငွေကျပ်သိန်း ၅၀ ၊ အောက်ကျော်နှင့် ကျင်းရွာ လမ်းအကျယ် ၁၈ ပေ၊ အရှည် ၁ မိုင် ၂ ဖါလုံ
မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ချောင်းသဲဖြန့်ခြင်းတို့အတွက် ခွင့်ပြုငွေကျပ် သိန်း ၅၀၊ ပလိန်ကိုင်းရွာနှင့် ကျင်းရွာမြေသားလမ်းဖောက်လုပ်ခြင်းနှင့် ချောင်းသဲဖြန့်ခြင်း အကျယ် ၁၅ပေ၊ လမ်းအရှည် ၂ မိုင်တို့အတွက် ခွင့်ပြုငွေကျပ် သိန်း ၅၀ ၊ ဘူးတောင်းကျေးရွာမှ ထီးလင်း- ကျင်း သွား ကားလမ်းပေါ်အထိ လမ်းအကျယ် ၁၈ ပေ၊ အရှည် ၃ မိုင်ခွဲ မြေသားလမ်းဖောက်လုပ်ခြင်းတို့ကို ဆောင်ရွက်လျှက်ရှိသည်။
အဆိုပါလုပ်ငန်းများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးအထောက်အကူပြုကော်မတီတို့မှ တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ကြကြောင်း သိရ သည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment