Friday, July 3, 2015


မင်းဘူး         ဇူလိုင်        ၂
    မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားအား ဇူလိုင်လ(၂)ရက်နေ့ ညနေ(၅း၃၀)အချိန်က မင်းဘူး-အမ်းလမ်း မိုင်တိုင်(၂/၀) တာပိုင်စက်ရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများမှ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများအား သစ်ပင်ပျိုးပင် များပေးအပ်ခဲ့ပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို တပျော်တပါး စုပေါင်း စိုက်ပျိုးပေးခဲ့ကြသည်။
    အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊NGO အဖွဲ့အစည်းဝင် များ၊ရပ်ကွက်နေပြည်သူများတက်ရောက်ခဲ့ပြီး ယူကလစ်(၄၀၀)ပင်၊ ယင်းမာ(၅၀)ပင်၊ဒဟတ်(၅၀)ပင်နှင့် ကျွန်း(၁၀)ပင် စိုက်ပျိုးပေးခဲ့ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video