Friday, July 3, 2015

သရက် ဇူလိုင် ၃
    မကွေးတိုင်းဒေသကြိး သရက်မြို့    ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့
နံနက် (၉)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပရာ အမှတ်(၁) အခြေခံ  ပညာအထက်တန်းကျောင်းမှ သက်ငယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များမှ အင်အားသစ်များနှင့် အတူ တေးသီးချင်း  သီဆို၍ ဖွင့်လှစ်ပေးခဲ့သည်။
    အဆိုပါ အခမ်းအနားတွင်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌ ဒေါ်တင်အေးမြင့်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ကျဦးကျေးရွာ အုပ်စုမှ အမျိုးသမီးရေးရာအဖွဲ့ဝင် အဆိုပြုလွှာများကို လက်ခံပေးခဲ့သည်။     ထို့နောက် အကြိမ်(၃၀)နှစ် အထက် အမျိုးသမီးသွေးလှူရှင်အား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ပညာ  သင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် (၄)ဘာသာ၊(၃)ဘာသာရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ရာ ခရိုင်အမျိုး  သမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့် အတူ တာဝန်ရှိသူများ အသီးသီးက ဂုဏ်ပြုဆုများ ချီး မြှင့်ပေးခဲ့သည်။
    ယင်းနောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အလယ်တန်း/အထက်တန်းအဆင့်စာစီစာကုံး ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ ဆုရသူများအား မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ နှင့် အတူ တာဝန်ရှိသူ  အသီးသီးက ဆုများချီးမြှင့်ပေးအပ်ပြီး အင်အားသစ်များနှင့်အတူ တေသီးချင်းသီဆိုပေးခဲ့သည့် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းမှ သင်ငယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video