Friday, July 3, 2015

ကျောက်ထု ဇူလိုင် ၂
    ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ ကျေးရွာအုပ်စုများရှိ တောင်သူလယ်သမားများလက်ဝယ်သို့ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျှက်ရှိရာ လယ်တစ်ဧကလျှင် ကျပ်တစ်သိန်း၊ ယာတစ်ဧကလျှင်
ကျပ် နှစ် သောင်းနှုန်းတို့ဖြင့် ကျေးရွာအုပ်စု ၁၁ ရွာရှိ မိုးစပါးစိုက်ဧက ၁၆၁၉ အပါအဝင် ယာစိုက်ဧကများအတွက် ငွေကျပ် ၁၀၅၈ သိန်းနှင့် ၂ သောင်းကို ထုတ်ချေးပေးထားသည်။
    ထိုသို့စိုက်ပျိုးစရိတ်ချေးငွေများ ရရှိသဖြင့် တောင်သူများသည် မျိုးစေ့ဝယ်ယူခြင်း၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများဝယ်ယူခြင်း၊ မြေပြင်ခြင်းတို့အတွက် အသုံးပြုလျှက်ရှိကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video