Wednesday, July 15, 2015
4:20 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်သည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသော်လည်း သောက်သုံးရေဖူလုံးစွာမရရှိဘဲ၊ နှစ်ပေါင်းများစွာ သောက်သုံးရေ၀ယ်ယူ
အသုံးပြုနေလျက်ရှိရာ နိုင်ငံတော် အစိုးရမှ သောက်သုံးရေဖူလုံးစွာ ရရှိစေရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
မင်းဘူးမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီတို့မှ ဦးဆောင်၍ မင်းဘူးမြို့နယ် သောက်သုံးရေဖူလုံစွာရရှိရေး မြစ်ရေတင်စီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် မြို့ပေါ်ရပ်ကွက်များမှ ရပ်မိ/ရပ်ဖများ၊ဒေသခံပြည်သူများ၊နှင့် သတင်းမီဒီယာသမားများခေါ်ယူ၍ ပွင့်လင်းမြင်သာစွာ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ(၁၄)ရက်နေ့ မွန်လွဲ(၂)နာရီအချိန်က မြို့မဈေးအရှေ့ဘက်ရှိ သာသနာ့ဗိမာန် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မြို့မဈေးစည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးသောင်းညွှန့်မှ မင်းဘူးမြို့သောက်သုံးရေ အခက်အခဲများစွာတွေ့ကြုံနေရပုံများနှင့် မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ရန် လျားထားနေရာသတ်မှတ်ထားခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။ထို့နောက် ရပ်မိ/ရပ်ဖများနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဥက္ကဌတို့မှ မြို့ပေါ်ရပ်ကွက်များသို့ လက်ရှိရေပေးဝေနေမှုများနှင့်
မြစ်ရေတင်စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရခြင်းများနှင့် ပတ်သက်၍ အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးကြပါသည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသော သတင်းမီဒီယာများမှ မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဖွံ့ဖြိုး ရေးအထောက်အကူပြုကော်မတီဥက္ကဌများ မှ ပြန်လည်းရှင်းလင်းဖြေကြားခဲ့ပါသည်။
မြစ်ရေတင်စီမံကိန်းအကောင်းအထည်ဖော်ဆောင်ရွက်ရန် (၁၁-၇-၂၀၁၅)ရက်နေ့တွင် မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက် အောင်ဓမ္မာရုံတွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ရာ မြစ်ရေတင်စီမံကိန်းတည်ဆောက် မည့် အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ဥတ္တမခန်းမဟောင်းအနီး အခွန်လွတ်ဈေးနေရာတွင် တည်ဆောက်၍ မင်းဘူးမြို့၏ အမြင့်ဆုံးနေရာဖြစ်သော လိပ်တောင်ပေါ်သို့ရေတင်ပြီး မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေလုံလောက်စွာ ဖြန့်ဖြူးပေးရန် လျားထားဆောင်ရွက်ရာတွင် အခွန်းလွတ်ဈေးသူ/သားများမှကန့်ကွက်သဖြင့် ယခုပြန်လည်၍ ပွင့်လင်းမြင်သာစွာ မြို့မိ/မြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ၏ဆန္ဒသဘောထားကို ရယူရခြင်းဖြစ်ကြောင်း၊ မြစ်ရေတင်စီမံကိန်းအား အဆိုပါနေရာတွင်တည်ဆောက်မည်ဆိုပါကလည်း အခွန်လွတ်ဈေးနေရာအား သီးခြားနေရာပေး သတ်မှတ်ဆောင်ရွက်သွားရန်စီစဉ်နေလျက်ရှိကြောင်း၊ယခုသုံးစွဲလျက်ရှိသော စည်ပင် သာယာရေးအဖွဲ့မှ ဖြန့်ဖြူးသော ကျောက်တန်းမြေအောက်ရေသည် တစ်နေ့ ဂါလံ(၁)သိန်းသာ ထွက်ရှိသဖြင့် မင်းဘူးမြို့၏ ရပ်ကွက်(၄)ရပ်ကွက်၊အိမ်ထောင်စု(၄၈၉၄)စု၊
လူဦးရေ (၄၀၀၀၀)ဦး ခန့်အား သောက်သုံးရေ လုံလောက်စွာ မပေးဝေနိုင်ခဲ့သည်မှာနှစ်များစွာကြာမြင့်ခဲ့ကြောင်း၊ရေစည်ကားများ(ထော်လာဂျီ)ကို တစ်စည် လျင်(၄၀၀၀ိ/-)ကျပ်နှုန်းဖြင့် ၀ယ်ယူအသုံးပြုနေရကြောင်း၊စည်ပင်သာယာရေး
အဖွဲ့မှဖြန့်ဖြူးသောသောက်သုံးရေ သည် (၃)ရက်လျင်တစ်ကြိမ်၊
တစ်ကြိမ်လျင်(၂)နာရီမျှသာ ပေးဝေနေသဖြင့် သောက်သုံးရေအခက် အခဲများစွာ ကြုံတွေ့နေရသည်ကို နိုင်ငံတော်အစိုးရမှ ငွေကျပ်သိန်း တစ်သောင်းခြောက်ထောင်ခုနစ်ရာခန့် အကုန်အကျခံ တည်ဆောက်ပေးမည်ဖြစ်ရာ မြို့ပေါ်နေပြည်သူများမှ မိမိမြို့ အရှည်သဖြင့် သောက်သုံးရေဖူလုံစွာရရှိစေရေး အတွက် ညီညွှတ်စွာ အတူလက်တွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားကြစေလိုကြောင်း မြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဌ ဦးကိုကိုအောင် ထံမှ မေးမြန်း ရှင်းလင်းပြောကြားချက်အရသိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment