Wednesday, July 15, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ထီးလင်းမြို့နယ်၊ ထီးလင်း-ဂန့်ဂေါ ကားလမ်းမိုင်တိုင်အမှတ် ၉၂/၂ နှင့် ၉၂/၃ အကြား တောမ လမ်းဆုံ အနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ဆေးမင်းတောနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွား ရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

နံနက် (၅) နာရီအချိန်ခန့်က ထီးလင်း-ဂန့်ဂေါ ကားလမ်းမိုင်တိုင်အမှတ် ၉၂/၂ နှင့် ၉၂/၃ အကြား တောမ လမ်းဆုံအနီးတွင် ဂန့်ဂေါဘက်မှ ထီးလင်းမြို့ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊ ဘိုကုန်းကျေး ရွာနေ ဝင်းမြင့်အောင်(၃၈)နှစ်မောင်းနှင်သည့် ယာဉ်အမှတ် YGN 4A/xxx၊ လင့်ခရူဆာ မီးခိုရောင် ယာဉ်ပေါ်တွင် ပခုက္ကူမြို့နယ်၊ ကမ္မကျေးရွာနေ သန်းစိုးလင်း(၃၆)နှစ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ၊ အောင်ချမ်းသာရပ်ကွက်နေ ဇာနည်တိုး (၂၅)နှစ် တို့လိုက်ပါလာပြီး ယာဉ် ပေါ်တွင် တရားမဝင် တမလန်း ခွဲသား (၆)တုံး၊ (ဝ.၅၉၄၄) တန်၊ တန်ဘိုး(၁၄၈,၆ဝဝိ/-) အား တင် ဆောင်မောင်းနှင်လာစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းရှိ ၈ ပေခန့် နက်သော ချောက် အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် သန်းစိုးလင်းတွင် ယာတံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာ၊ ယာဂျိုင်း အောက်ပွန်းပဲ့ဒဏ်ရာ၊ ယာဒူးဆစ်ပွန်းပဲ့ဒဏ်ရာ၊ ဝဲလက်ဖျံပွန်းပဲ့ဒဏ်ရာ၊ ဝဲနံရိုးအောက်ပွန်းပဲ့ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့အောက် ညိုမဲဒဏ်ရာ(သေဆုံး)၊ ဇာနည်တိုးတွင် မျက်နှာညိုမဲဒဏ်ရာ၊ ဝဲလက်ပွန်းပဲ့ဒဏ်ရာ၊ ယားဒူးပွန်းပဲ့ဒဏ်ရာ၊ ယာပေါင်ရင်း အရည်ခွံလန်သည့်ဒဏ်ရာ၊ ဝဲခြေကျင်းဝတ်ပွန်းပဲ့ ဒဏ်ရာတို့ရရှိကာ အခင်းဖြစ်နေရာ တွင် သေဆုံးနေ သည်ကို စစ်ဆေးတွေ့ရှိရသည်။

 ယာဉ်မောင်း ဝင်းမြင့်အောင်တွင် ယာဂျိုစောင်း (၄)လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ဝဲဂျိုစောင်း(၃)လက်မ ခန့်ပေါက်ပြဲဒဏ်ရာ၊ ဝဲမေးစေ့ဘေး (၂)လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်မျက်လုံးညိုမဲဒဏ်ရာတို့ ရရှိ သဖြင့် ရဲဆေးစာဖြင့် ဆေးမင်းတောတိုက်နယ်ဆေးရုံသို့ ဆေးကုသမှုခံယူနေစဉ် ၁ဝ၄၅ အချိန် သေဆုံး သွားခဲ့သဖြင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ဝင်းမြင့်အောင်အား ထီးလင်းမြို့နယ် ၊ ဆေးမင်းတော နယ်မြေရဲစခန်း ယာဉ်(ပ)၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video