၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် (၆)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရ ကားလမ်းမိုင်တိုင်အမှတ်၊ ၇၅/၇ နှင့် ၇၆/ဝ အကြားတွင် ယာဉ်တိုက် မှုဖြစ်ပွားကြောင်း သတင်းအရ လဲဇင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရှိပါသည်။
သာဂရဘက်မှ ကိုးပင်ဘက်သို့ တောင်တွင်းကြီးမြို့နယ်၊ ကျောင်းကုန်းကျေးရွာနေ ကုလားကြီး (၄၅)နှစ် ၊ မောင်းနှင်လာသည့်၉ဌ/xxx၊ဖောကားအပြာရောင်ယာဉ်သည်လမ်းယာဘက်ရှိ ကျောက်ကွင်း အတွင်း သို့ ကွေ့ဝင်စဉ် ကျောက်ကွင်းအတွင်းမှ ထွက်လာသည့် ဆင်ပေါင်ဝဲမြို့နယ် ၊ ရွှေပန်းတောကျေးရွာနေ ၊ အောင်ကိုဦး(၃၅)နှစ်မောင်းနှင်လာသော ၃၂ယ/xxxx ၊ HIBOBO-125 အနက်ရောင် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တိုက်မိ၍ အောင်ကိုဦးတွင် ဝဲဘက်နားသွေးထွက်ဒဏ်ရာ (သေဆုံး) ရရှိသဖြင့် ယာဉ်အား မဆင်မခြင် မောင်းနှင်သူ အောင်ကိုဦးနှင့် ကုလားကြီးတို့အား ဆင်ပေါင်ဝဲ မြို့နယ်၊ ကိုးပင် နယ်မြေရဲစခန်း ယာဉ်(ပ)၁ဝ/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment