Wednesday, July 15, 2015

အောင်လံ ဇူလိုင် ၁၄
          မကွးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ယမန်နေ့နေ့လည် (၁း၀၀)နာရီအချိန်က တောင်သူများအား အသိပညာပေးသောဆွေးနွေးပွဲကို စက်ရုံရပ်ကွက် ၊  ရွှေပေါက်ပင် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည် ။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်း ၊ တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မော်မော်ဝင်း ၊ တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်မီမီချို တိုင်းမြေအသုံးချရေးမှ လက်ထောက်ဦးစီးမှူး ဦးလှဝေ ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးမင်းဇော်အောင်နှင့် ခရိုင် SMS အဖွဲ့ဝင်များမှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ ဟောပြောခြင်း ၊ သီးနှံမျိုးကောင်းမျိုးသန့်များအကြောင်း  ပိုးမွှားရောဂါ မြေဆီလွှာအကြောင်းများအား ပညာပေးဟောပြောဆွေးနွေးခဲ့ကြပြီး ဟောပြောပွဲသို့      အင်းကုန်းကျေးရွာ
အင်းပေါက်ကျေးရွာ ၊ ချောင်ကျေးရွာနှင့် ရုံးဆိပ်ကျေးရွာတို့မှ တောင်သူ (၂၄၅)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည် ။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video