Wednesday, July 15, 2015

ထီးလင်း ဇူလိုင် ၁၅
    ဂန့်ဂေါ- ရေမျက်နီ- ထီးလင်းကားလမ်း မြိုင်- တောမ- ဂန့်ဂေါလမ်းဆုံအနီး မိုင်တိုင်အမှတ် ၅၂/၃ အနီး တွင် မတ္တရာမြို့နေ ယာဉ်မောင်း ဦးဝင်းမြင့်အောင် မောင်းနှင်သည့် လင်ခရူဆာ မီးခိုးရောင်  YGN/ ၄A/ ----သည် ယာဉ်ပေါ်တွင် ဦးသန်းစိုးလင်း(ပခုက္ကူ)၊ အမည်မသိသူတစ်ဦးတို့နှင့်အတူ တရားမဝင် တမလန်းသစ်ခွဲ သား ၆ တုံး တင်ဆောင် မောင်းနှင်လာစဉ် အဆိုပါနေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် ၈ ပေ ခန့်နက်သော ချောက်အတွင်းသို့ တိမ်းမှောက်သွားခဲ့သည်။
    ဖြစ်စဉ်တွင် ယာဉ်မောင်း ဦးဝင်းမြင့်အောင်သည် ယာချိုစောင်း ၄ လက္မခန့်ပေါက်ပြဲ၊ ဘယ်ချိုစောင်း ၃ လက္မခန့်ပေါက်ပြဲ၊ ဝဲမေးစေ့ဘေး ၂ လက္မခန့်ပေါက်ပြဲ၊ ဘယ်မျက်လုံးညိုမဲ ဒဏ်ရာတို့ဖြင့် ဆေးမင်းတော တိုက် နယ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားကြောင်းနှင့် ဦးသန်းစိုးလင်းနှင့် အမည်မသိလိုက်ပါလာသူတို့မှာ ဒဏ်ရာများဖြင့် အခင်းဖြစ်ပွါးရာနေရာတွင် သေဆုံးကြကြောင်း သိရသည်။
    အဆိုပါဖြစ်စဉ်နှင့်စပ်လျှဉ်း၍ ဆေးမင်းတောရဲကင်းစခန်းမှ ယာဉ်(ပ) ၇/၂၀၁၅ ပုဒ်မ ၃၀၄ - (က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video