မကွေးမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ မြတ်ပညာစာသင်ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါကျောင်းဆောင်သစ်ရှေ့တွင်ပြုလုပ်သည်။
သူနာပြုနှင့်သားဖွားသင်တန်းကျောင်းဆောင်သစ်အား ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ နွဲ့နွဲ့ဦးနှင့် ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ခင်၊ ကုသရေးဦးစီးဌာနမှ
ဒေါက်တာပေါ်ထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။ ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက မြတ်ပညာစာသင်ဆောင်သစ် ကဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွေးနံသာရည်များ ပက်ဖြန်းပေးပါသည်။
ဆက်လက်ပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်းဆောင်သစ်ဆောက်လုပ်သည့် အောင်အောင် သော် ကုမဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်အောင်သွင်က မကွေး သူနာပြုနှင့်သားဖွား သင်တန်းကျောင်း ကျောင်းအုပ်ကြီးထံ တည်ဆောင်ရေး အောင်မြင်ခြင်းအလံကို ပေးအပ်ပါသည်။
အဆိုပါ မကွေးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းဆောင်သစ်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ကုန်ကျငွေ ကျပ်(၅၀၈၀)သိန်းအကုန်ကျ ခံဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လေးထပ် ကျောင်းဆောင်ဖြစ်၍ စာသင်ခန်း(၁၁)ခန်းနှင့် ခန်းမ(၃)ခန်းပါရှိကြောင်းသိရသည်။
0 comments:
Post a Comment