သရက် ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ထုံးတောင်အုပ်စု မီးသွေးဖုတ်ကျေးရွာ၌ ရာသီအလိုက်
သီးနှံစိုက်ခင်းလုပ်ကိုင်ခြင်းအပြင်တစ်ဖက်တစ်လမ်းမှဝင်ငွေတိုးပွါးရရှိစေရန် တောင်ရက်လုပ်ငန်း ကိုင်းခြင်းဖြင့် မိသားစု ၀င်ငွေ တိုးပွါးရရှိကြောင်း သိရသည်။
အဆိုပါ တောင်းရက်လုပ်ငန်းသက်တမ်းရှည်စွာလုပ်ကိုင်သူတစ်ဦးမှ တောင်းရက်ရာတွင်အသုံးပြုသည့်
ဝါးတစ်လုံး ငွေကျပ်(၂၅၀)ကျပ်ဖြင့်ဝယ်ယူအသုံးပြုရပြီး မြေသယ် ခြင်းများရက်လုပ်ပါက(၃)လုံးရှိပြီး၊
ကွမ်းရွက် ထည့်သည့် ခြင်းများ ရက်လုပ်ပါက(၂)လုံးရှိပြိး မြေသယ်ခြင်းတစ်လုံး ယခင်ရောင်းရငွေမှာ ငွေကျပ်(၃၅၀)ကျပ်ရရှိပြီး ယခု ရောင်းရဈေးမှာ (၄၀၀)ကျပ်ရရှိကြောင်းနှင့် ကွမ်းရွက်ထည့်သည့် တောင်း ယခင်ရောင်းရဈေးမှာ (၈၀၀)ကျပ် ရှိပြီး ယခုရောင်းရဈေးမှာ (၈၅၀) ကျပ်ရရှိတဲ့ အတွက် ပိုမိုဝင်ငွေ တိုးပွါးရရှိကြောင်း တောင်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးပြောကြားချက်အရ သိရသည်။
အဆိုပါတောင်းများ ရက်လုပ်ရာတွင် မြေသယ်ခြင်းတောင်း ရက်လုပ်ပါက (၁၅)လုံးပြီးအောင် လုပ်နိုင်ပြိး ကွမ်းရွက်ထည့်သည့် တောင်များ ရက်လုပ်ပါက တစ်နေ့ (၁၀)လုံးပြီးအောင် လုပ်နိုင်တဲ့ အတွက် မြေသယ်ခြင်းတောင်း ရက်လုပ်ပါက တစ်နေ့(၄၅၀၀)ကျပ်အထိ ၀င်ငွေရရှိပြီး ကွမ်းရွက်ထည့် သည့် တောင်းများ ယက်လုပ်ပါက (၇၀၀၀)ကျပ်အထိ ၀င်ငွေ တိုးပွါးရရှိကြောင်း တောင်းရက်လုပ်ငန်း လုပ်ကိုင်းသူတစ်ဥိးထံက သိရသည်။
Wednesday, July 15, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment