Wednesday, July 15, 2015

ဆင်ပေါင်ဝဲ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့တွင် မေတ္တာရေစင် အရေးပေါ် လူနာတင်ယာဉ်
 ပေးအပ် လှူဒါန်းပွဲကို ဇူလိုင် (၁၂) ရက် နံနက်(၉)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဥိးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပေးပြီး အလှူရှင် ဗိုလ်ကြီးသိန်းဝင်းက အရေးပေါ် လူနာတင်ယာဉ် လှူဒါန်းရခြင်း ရည်ရွယ်ချက်အား
ပြောကြားပေးခဲ့သည်။ ထို့နောက် (BID) ကုမ္ပဏီက ဦးခင်မောင်စိုးထက်က အရေးပေါ် လူနာတင်ယာဉ် နှင့် ပတ်သက်သည့် စာရွက်စာတမ်း များအား ပေးအပ်ရာ မေတ္တာရေစင် ကျန်းမာရေး စောက်ရှောက်ရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဦးမျိုးနိုင်ဦး မှ လက်ခံရယူခဲ့သည်။
ယင်းနောက် အရေးပေါ်လူနာတင်ယာဉ် နှင့် မေတ္တာရေစင် ကျန်းမာရေး စောင့်ရှောက်မှု့ အဖွဲ့ သို့ အလှူငွေများ ပေးအပ်လှူဒါန်းပြီး မြို့သူမြို့သားများ ကိုယ်စား မေတ္တာရေစင် ကျန်းမာရေး စောင့်ရှောက်မှု့ အဖွဲ့ နာယက ဦးသန်းစိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video