မကွေး ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း အမှတ်စဉ်(၁၂)သင်တန်းဆင်းပွဲနှင့် အမှတ်စဉ်(၁၃)သင်တန်းဖွင့်ပွဲကို ယနေ့ညနေက မကွေးတိုင်းဒေသကြီးကျောင်းထိုင်ဘုန်းကြီး သင်တန်း ကျောင်း တွင်ပြုလုပ်သည်။
အခမ်းအနားတွင် မကွေးမြို့ ရာဇမုနိတောင်ပေါ်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်သြ၀ါဒစရိယ မကွေးတိုင်းဒေသကြီး ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဘဒ္ဒန္တကေလာသ (မဟာသဒမ္မ ဇောတိကဓဇ)ထံမှ ငါးပါးသီလဆောက်တည်ခံယူကြပါသည်။
ယင်းနောက် အမှတ်စဉ်(၁၂)သင်တန်းတွင် ၂-နှစ်သင်တန်းအောင် အရှင်မြတ်(၈)ပါးတို့အား မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း နာယက အဖွဲ့ဥက္ကဌ ဘဒ္ဒန္တပဏ္ဍိစ္စသာရ(အဂ္ဂမဟာပဏ္ဍိတ)က အောင်လက်မှတ်ချီးမြှင့်ပါသည်။
ဆက်လက်ပြီး မကွေးခရိုင်အုပ်ချုပ်ရေးမှူးက အထူးအောင်ပုဂ္ဂိုလ်(၃)ပါးနှင့် လူပုဂ္ဂိုလ်နည်းပြ(၃)ဦးတို့ အားဂုဏ်ပြုဆုငွေ ဆက်ကပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment