Saturday, July 4, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ နံနက် (၂)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် အမှတ်(၁၁)ရပ်ကွက်၊ ၁၇ လမ်းထိပ်အရောက်တွင် ပခုက္ကူမြို့၊ တိုးချဲ့ (၂) အမှတ် (၆)ရပ်ကွက်နေသူ အောင်သက်ပိုင် (၂၀)နှစ်နှင့် တစ်ရပ်ကွက် တည်းနေ သက်ပိုင်(ခ)ငပိုင် (၁၉)နှစ် တို့အား ကွန်ပျူတာလက်တော့ပ် (၁)လုံးနှင့်အတူ မသင်္ကာ ဖွယ်တွေ့ရှိသဖြင့် မေးမြန်းရာ ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆို ပြသနိုင်ခြင်း မရှိ၍ အောင်သက်ပိုင်နှင့် သက်ပိုင်(ခ)ငပိုင်တို့အား ပခုက္ကူ မြို့နယ်၊ မြို့မရဲစခန်း(ပ) ၂၈၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့်၅၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video