၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ နံနက် (၉း၃၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရေစကြိုမြို့နယ်၊ ထန်းဆယ် ပင်ကျေးရွာ၊ တောရိုးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ ထန်းဆယ်ပင် တောရိုးရှိ ထန်းဆယ်ပင်ကျေးရွာနေသူ မြင့်ကျော် (၃၉) နှစ် ပိုင်ဆိုင်သော ထန်းတဲတွင် ထန်းလျက်ချက်စဉ် တဲခေါင်းမိုးတွင် ထားရှိသော မီးခိုးခေါင်း တိုင်မှ မီးပွားများမှာ အမိုးထန်းရွက်များပေါ်သို့ လွင့်ကျပြီး ထန်းရွက် အမိုးအား ကူးစက်လောင် ကျွမ်းရာ မီးလောင်ရာ သို့ ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး ရဲတပ်ဖွဲ့ဝင်(၆)ဦး၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးစီး မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ ကျေးရွာသူ/သား (၃၀)ဦးခန့်တို့မှ မီးသတ်ယာဉ် (၃)စီးဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့၍ (၉း၃၇)နာရီအချိန် မီးငြိမ်း သွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် (၃x၂)ပင်၊ (၁၅x၁၀)ပေခန့် ထန်းလက်မိုး၊ ထန်းလက်ကာ၊ မြေစိုက် တဲ(၁)လုံး၊ ကာလတန်ဘိုး (၅၀၀၀ိ/-)ကျပ် ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မီးပေါ့ဆစွာသုံးစွဲသူ မြင့်ကျော်အား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၀၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုရေးဖွင့် ဆောင်ရွက် ထားကြောင်း သတင်းရရှိ ပါသည်။
Saturday, July 4, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment