Saturday, July 4, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ ည (၈း၅၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ယာဉ်/လမ်းစည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်၊ ကြာကန် ကျေးရွာအနီး၊ မင်းဘူးမြို့ဝင် ကားဂိတ်အနီး၊ မင်းဘူး-စကုကားလမ်း မိုင်တိုင်အမှတ်(၄/၀)တွင် ယာဉ်တိုက်မှု ဖြစ် ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မင်းဘူးမြို့မှ စကုမြို့ဘက်သို့ စကုမြို့၊ အမှတ်(၃)ရပ်ကွက်နေသူ ယာဉ်မောင်း ဦးကျော်ကျော်ငြိမ်း (၅၃) နှစ် မောင်းနှင်ပြီး ကားရှေ့ခေါင်းခန်းမှ ၄င်း၏ဖခင် ဦးအောင်ကြည် (၈၂)နှစ်နှင့် ကားနောက်ခန်းမှ ညီမတော် စပ်သူ ဒေါ်နန္ဒာအောင် (၄၈)နှစ်တို့ လိုက်ပါလာသည့် 1G/×××× Partner အဖြူရောင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းယာဘက်ဘေးရှိ ထနောင်းပင်အား ၀င်ရောက် တိုက်မိခဲ့ပြီး ဦးကျော်ကျော်ငြိမ်း အပါအ၀င် (၃)ဦးတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ ဦးကျော်ကျော်ငြိမ်းအား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ) ၃၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇/၂၇၉ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video