Saturday, July 4, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ နံနက် (၁၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံတွင် အရက်နှင့်အက်ဆစ် မှားသောက်မိ၍ သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်း ရောက်ရှိနေကြောင်း ဖုန်းဖြင့် အကြောင်းကြားချက်အရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မြို့သစ်မြို့၊ လယ်ပြင်ရပ်ကွက်နေ ရဲမြင့်ထွန်း (၄၇)နှစ် ဖြစ်ကြောင်း သိရပြီး ၄င်းသည် အရက်ကို အလွန် အကျွံ သောက်သုံးတတ်သူ တစ်ဦးဖြစ်ပြီး နံနက်(၉)နာရီခွဲ အချိန်ခန့်က နေအိမ်၌ တစ်ဦးတည်း ရှိနေစဉ် နေအိမ်အောက်ထပ် ကုတင်ခေါင်းရင်းတွင် အိမ်တွင် အသုံးပြုရန်အတွက် (MAX) အချိုရည် ပုလင်းဖြင့် ထည့်ထားသည့် အက်ဆစ် လက်(၄)လုံးခန့်အား အရက်ဟု ထင်မှတ်၍ လွဲမှားသောက်သုံး ခဲ့ပြီး မြေကြီးပေါ်တွင် ပက်လက်အနေအထားဖြင့် လဲကျ နေသည်ကို ဈေးဝယ်သွားရာမှ ပြန်လာသည့် ရဲမြင့်ထွန်း၏ မိခင်ဖြစ်သူ ဒေါ်ကြည်အောင်မှ စတင် မြင်တွေ့ခဲ့သဖြင့် အိမ်နီးချင်းပတ်ဝင်းကျင်သို့ အကူ အညီတောင်းခံ၍ မြို့သစ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသဖြင့် ရဲမြင့်ထွန်း သေဆုံးခြင်းမှာ ဓမ္မတာ အတိုင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် မြို့သစ်မြို့နယ်၊ မြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၅/၂၀၁၅) ဖြင့် အမှုရေးဖွင့် ဆောင်ရွက် ထားကြောင်း သတင်းရရှိ ပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video