၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ည (၈)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ လှေဝန်းကျေးရွာနေသူ ဒေါ်ခင်နှင်းရီ (၅၂)နှစ်သည် နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးမြင့်ကြူ (၅၃)နှစ်နှင့် နေအိမ်ချင်း ကပ်လျှက်နေ ခင်မောင်ဝင်း (၄၂)နှစ် လွန်ခဲ့သော (၁)လခန့်က အရက် အတူသောက်စားစဉ် စကားများရန်ဖြစ်ခဲ့သည်ကို မကျေနပ်ကြ၍ ထပ်မံစကား များရာ ဦးမြင့်ကြူမှ တုတ်ကိုင်ပြီး နေအိမ်ရှေ့ လမ်းပေါ်သို့ ထွက်သွားစဉ် လမ်းတွင်စောင့်နေသော ခင်မောင်ဝင်းမှ အသင့်ပါ လာသော အရိုးအသွား ၂၇ လက်မခန့်ရှိ တောင်ယာသုံး ဓါးမဖြင့်ခုတ်ရာ ဦးမြင့်ကြူတွင် ၀ဲမျက်ခုံးမှ ပါးစပ် အထိ ပြတ်ရှဒဏ်ရာ၊ လည်ပင်း ပြတ်ရှဒဏ်ရာ၊ ဦးခေါင်း ယာဘက် ခြမ်း ပြတ်ရှဒဏ်ရာများရရှိပြီး သေဆုံး သွားခဲ့သဖြင့် ခင်မောင်ဝင်းအား အရေးယူပေးပါရန် ၁.၇.၂၀၁၅ ရက်နေ့တွင် ဒေါ်ခင်နှင်းရီမှ တရား လိုပြုလုပ် တိုင်တန်းသဖြင့် ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်နယ်မြေ ရဲစခန်း(ပ) ၆၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။
Thursday, July 2, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment