Wednesday, July 1, 2015
3:06 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ ဇူလိုင် ၁
သဘာဝဘေးအန္တရာယ်များ ဖြစ်ပွါးလာပါက အလျှင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဂန့်ဂေါမြို့နယ် မီးသတ်ဦးစီးဌာနသည် ရှာဖွေကယ်ဆယ်ရေး အစုလိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို မေလလယ်မှ စတင်ကာ အပတ်စဉ်လေ့ကျင့်ဆောင်ရွက်လျှက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်နှင့် မီးသတ်တပ်ဖွဲ့ ဝင်များတို့က ခေတ်မီကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်း ကိုင်တွယ်ထိန်းသိမ်းအသုံးပြုနည်းများကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဝင်များဖြစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား
လေ့ကျင့်ပေးလျှက်ရှိကြောင်းနှင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် လေဘေးနှင့်ရေကြီးခြင်း ဘေးအန္တရာယ်များ ကြုံတွေ့လာနိုင်သဖြင့် ဖြစ်ပွါးပါက အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ပြင်ဆင်စုဖွဲ့လေ့ကျင့် ကြကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment