၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ည (၁၀း၅၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ဇော်ကြီးနှင့်အဖွဲ့သည် နယ်မြေ အတွင်း လှည့် ကင်းဆောင်ရွက်နေစဉ် ရွာသာယာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှအောင်မှ ၄င်း၏ ကျေးရွာတွင် ဓါးထိုး မှု ဖြစ်ပွားကြောင်း ဖုန်းဖြင့် အကြောင်းကြားလာသဖြင့် သွားရောက်စစ်ဆေးရာ ရွာသာယာ ကျေးရွာနေ သူများ ဖြစ်ကြသော သန်းမင်းထက် (၂၂)နှစ်နှင့် အောင်မိုးဝင်း (၂၅)နှစ် တို့နှစ်ဦးမှာ ကလေးချင်း ရန်ဖြစ် သည့် ကိစ္စကိုမကျေနပ်၍ စကားများ ရန်ဖြစ်ရာ အောင်မိုးဝင်းမှ သန်းမင်းထက် အား အရိုးအသွား ၁၄ လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် ထိုးခဲ့ခြင်းကြောင့် သန်းမင်းထက်တွင် ၀ဲဘက်ချိုင်းအောက် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိပြီး ၄င်း၏နေအိမ်ရှေ့ လမ်းပေါ်တွင် လဲကျ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရ ၍ အောင်မိုးဝင်း အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၈၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုရေးဖွင့် ဆောင်ရွက် ထားကြောင်း သတင်းရရှိ ပါသည်။
Thursday, July 2, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment