Thursday, June 25, 2015



မင်းဘူး                         ဇွန်                    ၂၄
    မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏(၃)ထပ် ဗုဒ္ဓသာသနာ့ ဗိမာန်တော်ကြီးတည်ဆောက်မည့်မြေနေရာအား အန္တရာယ်ကင်း ပရိတ်တရားတော်နာ ၊မြေသန့် မင်္ဂလာအခမ်းအနားအား ဇွန်လ(၂၄)ရက်နေ့ နံနက်(၀၇း၂၀)နာရီအချိန်က အဆောက်အဦ
 ဆောက်လုပ်မည့် အထက်စက်တော်ရာ အတက်လမ်းနှင့် နှစ်ကျိပ်ရှစ်ဆူဘုရားလမ်းဆုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးပြီးအခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိသတ်များက မကွေးမြို့ သံဃာရာမကျောင်းတိုက် ပဓာနနာယက၊နိုင်ငံတော်ဗဟိုဝန်ဆောင် (အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တ စိန္တာသာရထံမှ (၉)ပါးသီလခံယူဆောက်တည်ကြပါသည်။
    ထို့နောက် ဥပါသကာများမှ ပရိတ်ရေ၊ပရိတ်သဲ၊ပရိတ်ပန်း၊ပရိတ်ချည်၊ပရိတ်အိုးများကို ဆရာတော်ကြီး များထံ ဆက်ကပ်ပြီး ဆရာတော်၊သံဃာတော်အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည်။ဆက်လက်၍ ဥပသကာများမှ (၃)ထပ် ဗုဒ္ဓသာသနာ့ ဗိမာန်တော်ကြီးတည်ဆောက်မည့် ဥပဇာမြေနေရာများ၌ပရိတ်ရေ၊ပရိတ်သဲ၊ပရိတ်ပန်း၊ ပရိတ်ချည်၊ပရိတ်အိုးများကိုယူဆောင်၍ ပက်ဖြန်းကြဲဖြန့် ချည်နှောင်းကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က အထောင့်၊အရပ်မျက်နှာများ၌ နိမိတ်ကြား၍ မြေသန့် ကမ္မ၀ါများ ရွတ်ပွားချီးမြှင့်တော်မူကြပါသည်။
    ၎င်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပါသည်။ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု (၃)ကြိမ်ရွတ်ဆို ဆိုတောင်း၍  ရုပ်သိမ်းခဲ့ပြီး ကြွရောက်လာသော ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။
    အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သြ၀ါဒါစရိယဘဒ္ဒန္တ ကေတု(စလင်းဆရာတော်)၊မကွေးမြို့ သံဃာရာမ ကျောင်းတိုက် ပဓာနနာယက၊နိုင်ငံတော်ဗဟိုဝန်ဆောင် (အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တ စိန္တာသာရ၊မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော် (အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တ ပဏ္ဍိစ္စသာရ အမှူးပြုသော သံဃာတော်အရှင်းသူမြတ်(၁၈)ပါး ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ ၊တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်၊တိုင်းဒေသကြီး သာသနာရေးမှူးနှင့် မန်းရွှေစက်တော်ဘုရားကြီး ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video