Thursday, June 25, 2015


မကွေး   ဇွန်   ၂၄
    အရေးပေါ်အခြေအနေ၏အစောပိုင်းကာလမှစ၍ မဖြစ်မနေဆောင်ရွက်ပေးရမည့်မျိုးဆက်ပွားကျန်းမာ
 ရေးဆောင့်ရှောက်မှုလုပ်ငန်းများသင်တန်းကို ယနေ့နံနက် (၈)နာရီအချိန်က မကွေးမြိုနယ်ကျန်းမာရေး ဦးစီးဌာ န ရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
    အဆိုပါသင်တန်းကို မကွေးမြို့နယ်တွင်မြန်မာနိုင်ငံ ဆရာဝန်များအသင်း၊ကျန်းမာရေးဦးစီးဌာနနှင့်၊UN FPA တို့ကကြီးမှုးသင်ကြားသည့် အရေးပေါ်အစောပိုင်းကာလမှစ၍ မဖြစ်မနေဆောင်ရွက်ပေးရမည့် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအကြောင်းသင်တန်းကို ၂၄.၆.၁၅-မှ-၂၆.၆.၁၅-ထိ(၃)ရက် သင်တန်းပို့ချသွားမည်ဖြစ်သည်။
    သင်တန်း၏ရည်ရွယ်ချက်မှာ အရေးပေါ်အခြေအနေတခု၏ အစောပိုင်းရက်များနှင့် ရက်သတ္တပတ်များ တွင်လိင်မှုဆိုင်ရာအကြမ်းဖက်မှု၏အကျိုးဆက်များကိုကာကွယ်ရန်နှင့် စောင့်ရှေက်ကုသရန်၊မွေးကင်းစက
 လေးနှင့်မိခင်နာမကျန်းမှုနှင့် သေဆုံးနှုန်းမြင့်မားခြင်းကိုကာကွယ်ရန်၊HIVကူးဆက်မှုကိုလျှော့ချရန်၊
 ပြည့်စုံ သော မျိုးဆက်ပွားပညာရေးဝန်ဆောင်မှုအတွက် အစီအစဉ်ရေးဆွဲညှိနှိင်းဆောင်ရွက်ရန်၊ အရေးပေါ်အခြေအ နေ တခုတွင် မရှိမဖြစ်လိုအပ်သောဆေးဝါးနှင့် ပစ္စည်းကရိယာများကိုပဥစ္စည်းပုံးများ အဖြစ်ကြိုတင် ထုပ်ပိုးထားသ ဖြင့်အရေးပေါ်အခြေအနေတွင် အသုံးပြုတက်ရန်၊ သင်တန်းပြီးသွားပါကအရေးပေါ်အခြေအနေပေါ်ပေါက်လျှင် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်သွားနိုင်ရန်ဖြစ်ပါသည်။   အဆိုပါသင်တန်းကို မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒေါက်တာဒေါ်ခင်စန္ဒာဦးနှင့် ဒေါက်တာ ဒေါ်ဌေးဦးတို့ ကပို့ချသင်ကြားမည်ဖြစ်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ NGO များ စုစုပေါင်း(၃၀) ဦးတက်ရောက်ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video