Thursday, June 25, 2015


ချောက်     ဇွန်     ၂၅   ရက်
         မကွေးတိုင်းဒေသကြီးချောက်မြို့နယ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု လျော့နည်းပပျောက်စေရေး ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေး ပညာပေးစည်းရုံးဆောင်ရွက်ခြင်းကို ဇွန် ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်တွင်လမ်းမတော်လမ်း ပြည်သူ့ဈေးမြောက်ဘက်ပုဂံ-ညောင်ဦးကားဂိတ်လမ်းဆုံတွင်ကျင်းပ
 ပြုလုပ်ခဲ့သည်။
      ပညာပေးစည်းရုံးဆောင်ရွက်ခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ချောက်မြို့နယ် လုပ်ငန်းလိုင်စင်နှင့်သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နိုင် နှင့်ဝန်ထမ်းများ မြို့နယ်ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီ    ( မထသ) ဥက္ကဌ ဦးအောင်မြင့် နှင့်ကော်မတီဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့များ ပူးပေါင်းအဖွဲ့သည်
 ချောက်မြို့ပေါ်၌ကိုယ်ပိုင်ယာဉ်အငှားယာဉ် မော်တော်ဆိုင်ကယ်များအားယာဉ်လိုင်စင်ယာဉ်မောင်းလိုင်စင်များ
 ပြည့်စုံမှန်ကန်မှု ရှိ/မရှိရှောင်တခင်စစ်ဆေး၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာစေရေး အန္တရာယ်ကင်းရှင်းစွာ သွားလာ  မောင်းနှင်စေရေးတို့ကို ပညာပေး စည်းရုံးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video