Thursday, June 25, 2015


ဂန့်ဂေါ ဇွန် ၂၄
    ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့နှင့် ဂန့်ဂေါမြို့ပေါ်ရှိ မြို့မိမြို့ဖများ၊ သတင်းမီဒီယာများတို့နှင့်တွေ့ဆုံ၍ မှုခင်း ကျဆင်းရေးအပါအဝင် ဆက်စပ်သည့်လုပ်ငန်းဆိုင်ရာများ ဆွေးနွေးပွဲကို ဇွန် ၂၄ ရက်နံနက် ၁၀ နာရီက ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ရုံးခန်းမ၌ ပြုလုပ်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းထွန်းက အမှာစကားပြောကြားသည်။
    ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးးယဉ်မင်းထွန်း၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မိုးမိုးလှိုင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးနိုင်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဌ ဦးသောင်းမြို့တို့နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဆွေတို့နှင့် တက်ရောက် လာကြသူများက မှုခင်းကျဆင်းရေး၊ ပြည်သူပူးပေါင်းပါဝင်သည့် ရဲလုပ်ငန်းများအောင်မြင်ရေးတို့နှင့် စပ်လျှဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video