Wednesday, June 24, 2015


မင်းဘူး     ဇွန်     ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးတွင် ၀န်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် စိုက်ပျိုးရေးပညာပေးဆွေးနွေးပွဲကို ဇွန် ၂၂ ရက်နံနက် ၉ နာရီခွဲက ပြုလုပ်ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၊မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ဝင်းနှင့် ခရိုင်စိုက်ပျိုးပညာပေးရေးအဖွဲ့များမှ တက်ရောက်အားပေးဆွေးနွေးခဲ့ကြသည်။
    အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက ၀န်ထမ်းများစွမ်းဆောင် ရည်မြင့်မားရေးအတွက် တာဝန်သိစိတ်၊တာဝန်ယူစိတ်၊တာဝန်ခံစိတ်များဖြင့် မိမိလုပ်ငန်းများကို ဆောင်ရွက်ကြရန်၊စိုက်ပျိုးရေးနည်းပညာများကို အစဉ်တစိုက် လေ့လာဆည်းပူးကြရန် ဒေသခံ တောင်သူများ အားထားယုံကြည်ရသော ၀န်ထမ်းများဖြစ်အောင် ကြိုးစားကြရန် မှာကြားခဲ့ပြီး ၂၀၁၄-၂၀၁၅ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မင်းဘူး(စကု)မြို့နယ်အတွင်း ပုလဲသွယ် စပ်မျိုးစပါး စိုက်ပျိုးရေးတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့သည့် ၀န်ထမ်းများကို ဆုချီးမြှင့် ပေးအပ်ခဲ့သည်။
    ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းမှ ၂၀၁၄-၂၀၁၅ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသူများနှင့်ဂုဏ်ထူးရရှိသူ ၀န်ထမ်းသား သမီးများကို ပညာရည်ချွန်ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့်ခရိုင် စိုက်ပျိုး ရေးပညာပေးအဖွဲ့များမှ စိုက်ပျိုးရေးပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video