Wednesday, June 24, 2015


မင်းဘူး     ဇွန်     ၂၃
    မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ် မိုးစပါး လျာထားဧကပြည့်မှီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့များ သည် မဲဇလီဆည်ရေသောက်  ကံသစ်၊ကံကုလား၊ကျောက်စံကျေးရွာအုပ်စုများသို့ ဇွန် ၂၁ ရက်နေ့ တွင် ကွင်းဆင်းစည်းရုံးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
    ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူး(စကု)မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက
 ဒေသခံတောင်သူများအား ၂၀၁၅-၂၀၁၆ ခုနှစ် မိုးစပါးလျာထားဧက ပြည့်မှီ်စွာ စိုက်ပျိုးရေးအတွက်  ပူးပေါင်းကူညီဆောင်ရွက်ပေးရမည့် တောင်သူလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်းနှင့်ကျေးရွာအုပ်စုအလိုက် မိုးစပါးလျာထားဧက ပြည့်မှီကျော်လွန်စွာ စိုက်ပျိုးသွား ကြရန်တို့ကို ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းမှယခုနှစ် ရာသီဥတု အခြေအနေအရ သက်တမ်းတို အထွက်ကောင်းသော ပုလဲသွယ်အထူးအထွက်တိုး စပ်မျိုးစပါးမျိုး များကို တစ်ကွင်းတစ်စပ်တည်းစိုက်ပျိုးရေး၊ ပျိုးထောင်ရေ စတင်ပေးနေပြီးဖြစ်သဖြင့် အချိန်မီပျိုးထောင်ကြရေး ၊တောင်သူများ၏ မျိုးလိုအပ်ချက် ၊သွင်းအားစုလိုအပ်ချက်များကို ကူညီ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည်။
    ထို့နောက် မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးမြတ်ဇော်သိန်းမှ ပျိုးထောင်ရေ စနစ်တကျ ရယူ ပျိုးထောင် စိုက်ပျိုးကြရေးနှင့်ပတ်သက်၍လည်းကောင်း၊မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးမြင့် စိုးက လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်ကူပြောင်းနေချိန်တွင် လယ်ယာလုပ်သားရှား ပါးမှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် ကောက်စိုက်စက် ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး ဒေသခံတောင်သူများ၏ သိလိုသမျှ မေးမြန်းချက်များကို ဖြေရှင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး  ဦးသိန်းနိုင်ဝင်းထံမှ သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video