Wednesday, June 24, 2015

ထီးလင်း ဇွန် ၂၃
    ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် စည်ပင်ယာယာရေးအဖွဲ့ အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၅/၂၀၁၆ ဘဏ္ဍာနှစ်တွင် ထုတ်ချေးပေးထားသည့် ချေးငွေအတွက်  ထောက်ပံ့ကြေးငွေများကို ဇွန် ၁၈ ရက်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ချေးငွေရယူကြသည့် ပျံကျဈေးသည်များအား ထောက်ပံ့ငွေများ ပေးအပ်သည်။
    ထိုသို့ ထောက်ပံ့ငွေများ ရရှိကြရာတွင် ငွေကျပ် တစ်သိန်းချေးယူသူ ၂၀ ဦးနှင့် ငွေကျပ် ငါးသောင်း ချေးယူသူ ၁၅ ဦးတို့အား အတိုးရငွေ ၁၂ ရာခိုင်နှုန်းဖြစ်သည့် စုစုပေါင်းငွေကျပ် နှစ် သိန်း ကိုး သောင်းကို အချိုး ကျခွဲဝေထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video