Tuesday, June 23, 2015

သရက် ဇွန် ၂၃
    မကွေးတိုင်းဒေသကြိး သရက်မြို့တွင် စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ကျင်ပပြုလုပ်သည့် ကုန်သွယ်မှု့မြှင့်တင်ရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေး ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀း၃၀)နာရီက   သရက်မြို့ အထက(၁)ကျောင်း စိန်ရတုခန်းမအတွင်း ကျင်းပရာ အထက(၁) ကျောင်းအုပ်ကြိးနှင့် ဆရာ၊ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
    အဆိုပါ အခမ်းအနားတွင် ကုန်သွယ်မှု့ မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဥိးစီးဌာန သရက်မြို့ တာဝန်ခံ  ဦးသန်းစိန်မှ စားသုံးသူ အကာအကွယ်ပေးရေးနှင့် စားသုံးသူများ၏ အခွင့်အရေးများ သိကောင်းစရာများ အကျယ် တ၀င့် ဟောပြောပေးခဲ့ပြိး ကုန်သွယ်မှု့ မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန အောင်လံ တာဝန်ခံ ဦးကျော်မျိုးမင်းက စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
    ထို့နောက် သရက်မြို့ပြည်သူ့ဆေးရုံကြီးမှ မြို့နယ် ကျန်းမာရေး အရာရှိ ဒေါက်တာမျိုးညွန့်က ကျန်းမာရေး  နှင့် ပတ်သက်၍ သိကောင်းစရာများ ဟောပြောပေးခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video