Tuesday, June 23, 2015


မြို့သစ်      ဇွန် ၂၃
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၁၅ခုနှစ် မိုးရာသီသီးနှံ ထုတ်လုပ်မှု ဘဏ်ချေးငွေများ ထုတ်ချေးရေးလုပ်ငန်းစဉ်များနှင့် ငွေချေးသူအစုအဖွဲ့နှင့် ချေးငွေစာချုပ် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဦးတင်ဌေးအောင် မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးအောင်ဝင်းတို့က သိပ္ပံနည်းကျပျိုးထောင်စနစ်ဖြင့် စပ်မျိုးစပါး ပုလဲသွယ်မျိုးများ ထုတ်ယူ စိုက်ပျိုးရေးစသည့်ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားပြီး ၂၃.၆.၂၀၁၅  ရက်နေ့မှစတင်၍ သဖန်းကုန်းအုပ်စု အစုအဖွဲ့ (၄၃)ဖွဲ့မှ တောင်သူဦးရေ ( ၁၂၃ )ဦးအတွက်စုစုပေါင်း ၃၆၅့ ၀၀ သိန်းတိတိစတင် ထုတ်ချေးပေးခဲ့ပြီး တစ်မြို့နယ်လုံးအတွက် ရပ်ကွက်ကျေးရွာအုပ်စု(၄၀)မှ အဖွဲ့ဝင်တောင်သူုပေါင်း ၁၀၉၀၀ ခန့်အတွက် စုစုပေါင်းချေးငွေကျပ် ၃၅၅၀၀.၀၀သိန်းထုတ်ချေးရန် ခန့်မှန်းလျာထားကြောင်းနှင့် တောင်သူများလက်ဝယ်
အမြန်ဆုံးရရှိနိုင်စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြ်ုးရေးဘဏ်ဝန်ထမ်းများကပါ အင်တိုက်အားတိုက် အချိန်ကိုတန်ဖိုးရှိစွာ လုပ်ကိုင်ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video