Friday, May 22, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့ နေ့လည် (၁း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေးတောင်ဘက် ပျံကျတန်းတွင် တရားမဝင်ဆင်ဆာမဲ့ ဗွီဒီယိုခွေများရောင်းချနေကြောင်း သတင်းအရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။ 

မင်းဘူးမြို့၊အမှတ်(၄)ရပ်ကွက်နေ မအေးအေးမူ(၂၉)နှစ်ထံမှ ရောင်စုံပလပ်စတစ်ခြင်းဖြင့် ထည့်လျှက် ဆင်ဆာမဲ့မြန်မာသီချင်းခွေ ၅၃ဝ ခွေ၊ အငြိမ့်ခွေ ၁ဝဝ ခွေ၊ နိုင်ငံခြားဇာတ်လမ်းခွေ ၃၇ဝ ခွေ၊ ကာတွန်းခွေ ၁ဝဝ ခွေ၊ စုစုပေါင်း DVD ၁,၁ဝဝိ/-ခွေ၊ တစ်ခွေလျှင် ၃ဝဝိ/-နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ၃၃,ဝဝဝိ/-ခန့်အား ခင်းကျင်းရောင်းချနေသည်ကို တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဆင်ဆာမဲ့ DVD ခွေ ရောင်းချသူ မအေးအေးမူ အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ)၅၅/၂ဝ၁၅၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေပုဒ်မ ၃၂(ခ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video